Thursday, February 7, 2008

@#$%


သရဲသဘက်မတွေက

အမဲဖျက်ခြွေချခဲ့လို့

ကွဲအက်သေစပြုနေတဲ့

အသဲပျက်ကြွေဘ၀တစ်ခုထဲကို

တွဲလက်တွေချပေးရဲခဲ့သူ…….


မြေခွေးကောင်မတွေကြောင့်

သေဘေးအမှောင်ခနေတဲ့

တစ္ဆေသွေးကြောင်ညတွေထဲ

ဖြေဆေးဆောင်ရောက်ရှိလာခဲ့သူ…...


မိစ္ဆာအရိုင်းအစိုင်းမတွေကြောင့်

သိက္ခာအပြိုင်းပြိုင်းကျနေတဲ့

ပြိတ္တာအထိုင်းအမှိုင်း ငါ့ကိုမှ

လိပ်ပြာအသိုင်းအ၀ိုင်းဘ၀တွေထဲ

ရွေးချယ်ခေါ်ဆောင်ခဲ့သူ……


ဒီလိုနဲ့………………………….

ငရဲခန်း ပူလောင်လောင်တွေထဲ

အမြဲတမ်း ငူငေါင်နေတတ်တဲ့

အသဲကြမ်း အူကြောင်ကြောင်တစ်ခုကိုတောင်

မင်းက…ပုလဲပန်း အဖြူရောင်တွေပွင့်စေခဲ့ပါတယ်….ချစ်သူ


ဘ၀အရာကုဋ္ဌေ မကလေအောင်

အလှကဗျာတွေ ထည့်လှောင်ထားသူရေ

အစရှာဖွေ မရဲအောင်တောင်

မွှစာကြေ ကွဲလောင်နေတဲ့

ငါ့ညတာရှည် မဲမှောင်တွေထဲမှာတော့

မင်းက လကမ္ဘာမြေဘွဲ့ဆောင်သူလေးပါပဲ။


<မင်းတစေ>

14 comments:

Unknown said...

စိတ်တေလေကိုနှိပ်ကွပ်သူရေ နှိပ်လည်း နှိပ်ကွပ်နိုင်ပါပေတယ်ဗျာ... ဆက်ပြီးတော့လည်း ဒီ့ထက်ပို နှိပ်ကွပ်နိုင်ပါစေ...

ဆောင်းယွန်းလ said...

မြေခွေးကောင်မတွေကြောင့်

သေဘေးအမှောင်ခနေတဲ့

တစ္ဆေသွေးကြောင်ညတွေထဲ

ဖြေဆေးဆောင်ရောက်ရှိလာခဲ့သူ…...
ညီလေးရေ....ကဗျာလေးကလန်းတယ်.ကောင်မလေး
သာဆိုရင်တော်တော်ခိုက်မိသွားမယ်...
စောင့်ရကျိုးနပ်ပါပေ့ကွယ်

Winkabar said...

အင်းးးး စာကလည်းနော် သေချာဖတ်မှပါပဲ။ မနက်က မြေခွေးတွေ တစ္ဆေတွေပဲမြင်တယ်။ ဘယ်လိုဖတ်လိုက်လဲမသိပါဘူး။

အဓိပ္ပာယ်လည်း ရှိ ၊ ဆိုလို့လည်းကောင်းတဲ့ကဗျာလေးပဲ။ ရေးတတ်တယ်အစ်ကိုရယ်။

စိုးထက် - Soe Htet ! said...

ဘ၀အရာကုဋ္ဌေ မကလေအောင်

အလှကဗျာတွေ ထည့်လှောင်ထားသူရေ

အစရှာဖွေ မရဲအောင်တောင်

မွှစာကြေ ကွဲလောင်နေတဲ့


ငါ့ညတာရှည် မဲမှောင်တွေထဲမှာတော့

မင်းက လကမ္ဘာမြေဘွဲ့ဆောင်သူလေးပါပဲ။

ဂွဒ်တယ် ဗျာ :P

Sophie said...

အစ်ကိုရေ...အ၇မ်းကောင်းတယ်။

pandora said...

စကားလုံးတွေက လန်ထွက်နေတယ်။

Anonymous said...

“သရဲသဘက်မတွေ
မြေခွေးကောင်မတွေ
မိစ္ဆာအရိုင်းအစိုင်းမတွေ” ဆိုတော့ အင်း.. ဒို့ ရဲ့တစေလေးကိုဘယ်တစေမတွေအနိုင်
ကျင့်နေကြလဲ..ပြောစမ်းပြောစမ်း။
တစေလောကမှာ Gender Inequality အရ Female တွေကအားသာနေတာလား။ သု
တေသနလုပ်ရရင်ကောင်းမယ်…ဟားဟား။

မင်းကျန်စစ်။ said...

အညာသားလို ပြောလိုက်တော့မယ်ဗျာ။ ကောင်းချက်ဗျာ လွတ်ကောင်းပဲ။ အပိုဒ်တိုင်းကောင်းတယ်။ တစ္ဆေသွေးတော့ မကြောင်လိုက်နဲ့ဗျာ။ ချစ်သူပေးတဲ့ အားတွေနဲ့ တင်းထားလိုက်း)္တ္ဆ္ဆ

Kaung Kin Ko said...

ဒုတိယ အကြိမ် ဖတ်သွားတယ်ဗျို့ ။ ဒီလို နဘေတွေနဲ့ ရေးတော့လည်း မိုက်သားပဲ။

Pinkgold said...

ကဗျာဖတ်ရတာ အသဲယား လိုက်တာနော်
ဆော်သာဆော်

Nyein Chan Aung said...

အစရှာဖွေ မရဲအောင်တောင်

မွှစာကြေ ကွဲလောင်နေတဲ့

ငါ့ညတာရှည် မဲမှောင်တွေထဲမှာတော့

မင်းက လကမ္ဘာမြေဘွဲ့ဆောင်သူလေးပါပဲ။

ဟာ တယ်ချပါလား။

Anonymous said...

လန်ထွက်နေတာပဲ။
မိုက်တယ်။

Anonymous said...

စကားလုံးတိုင်းကို ကြိုက်တယ် မင်းတစေ ။

Tesla said...

ဖတ်ရတာ စီးစီးပိုင်ပိုင်နဲ့ အားရသဗျာ .. ရော့ခ်ကဗျာ ဆိုတာ ဒါမျိုးကို ခေါ်တယ်ထင်ပ..။