Thursday, November 8, 2007

ဆုံးရှုံးခြင်း

ဗန်ဂိုးရဲ့ နေကြာတွေ ကြွေတဲ့နေ့

ငါ့ရင်ထဲက ပွင့်ဖတ်တွေ မင်းရဲ့ခြေမှာ လာခတယ်။


ဒါလီရဲ့ ပြော့တွဲနေတဲ့ နာရီတွေအရည်ပျော်တော့

မင်းရနံ့နဲ့ ပန်းတွေရဲ့ဝတ်ရည် ငါ့ရဲ့ပါးပြင်ပေါ် ကြွေကျတယ်။


ဒါပေမဲ့ မိုးဇက်ရဲ့တယောသံတွေ ဖျားနာတဲ့ည

မင်းရဲ့လှောင်ရီသံက ငါ့ရင်ခွင်ကို ခါချတယ်။


ပြီးတော့ ဟိုးမားရဲ့ကဗျာတွေ မီးလောင်တော့

ပူလောင်တဲ့မင်းမျက်ရည်နဲ့ ငါ့ရင်ခုန်သံ ပြာကျတယ်။


ဒီလိုနဲ့ မင်းရဲ့အမုန်းတွေ သန္ဓေစတည်တော့

ငါ့ရင်ထဲက စံပါယ်ပျိုးခင်းလေး ကြေမွခဲ့ရတယ်။

<မင်းတစေ>

2 comments:

Kaung Kin Ko said...

ကဗျာလေးကြိုက်တယ်ဗျို့ ။

မိုးဇက် said...

နှလုံးသားကို အဖျားခတ်သွားတယ် ။