Tuesday, November 20, 2007

ပျော်ရွှင်မှုဆိုတာ...


သင် ဒီနေ့ စိတ်ညစ်နေသလား။
လောကသည်
နေတတ်လျှင် ပျော်စရာအကောင်းဆုံး အရပ်ဖြစ်သည်။

သင့်မှာ ပိုက်ဆံမရှိတော့လို့လား။ ကိစ္စမရှိပါ။
ပတ်ဝန်းကျင်၌ အခမဲ့ဝင်၍ရသော ပန်းခြံများရှိသည်။
တစ်ယောက်တည်းထိုင်လျှင်လည်း သင့်တော်သော နှစ်ယောက်ထိုင်ခုံတန်းလျှားတွေရှိသည်။
အခမဲ့နမ်းဆွတ်နိုင်သော ရောင်စုံပန်းပင်တွေရှိသည်။
အခါမလပ်နားဆင်နိုင်သော ကျေးငှက်တို့၏ တေးသံစဉ်ချိုတွေရှိသည်။
ရေကန်နှင့် အနီးဆုံးအပိုင်းတွင်ထိုင်၍ လတ်ဆတ်သော လေကိုရှုသွင်းပါ။
သင့်တစ်ကိုယ်လုံး လတ်ဆတ်၍ နှလုံးသားလည်း ကြည်လင်လာလိမ့်မည်။

သဲသောင်ပြင်ပေါ်တွင် ခရုတွေကောက်၍ ပျော်နေလျှင်လည်းရသည်။
တောင်ကုန်းတစ်ခုပေါ်တက်၍ တိမ်တွေကို ငေးမောရင်း ပျော်နေလျှင်လည်းရသည်။
လမ်းမတွေပေါ်လျှောက်၍ လူတွေကို နုတ်ဆက်ရင်း ပျော်နေလျှင်လည်းရသည်။
မိုးအေးအေး အိပ်ယာထဲကွေး၍
ပျော်နေလျှင်လည်းရသည်။
ဧည့်ခန်းထဲမှာ Hotel California သီချင်းနားထောင်၍
ပျော်နေလျှင်လည်းရသည်။
ဘုရားခန်းထဲ၌ ရှင်တော်ကို ဖူးမြော်၍
ပျော်နေလျှင်လည်းရသည်။

သင့်တွင် ကဗျာရေးတတ်သော နှလုံးသားတစ်စုံရှိနေလျှင်တော့ ပို၍ပျော်ဖို့ကောင်းသည်။
ပျော်ရွှင်စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။
လွမ်းမောစရာတွေ ကဗျာစပ်ကြည့်ရင်း
ပျော်နိုင်သည်။
ကြည်နူးစရာတွေ
ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။
စိတ်ညစ်
စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။
ခြောက်ခြား
စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။
ပိုင်ဆိုင်
စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။
ဆုံးရှုံး
စရာတွေ ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။
ချစ်သူတွေအကြောင်း
ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။
မုန်းသူ
တွေအကြောင်း ကဗျာစပ်ကြည့်ရင်း ပျော်နိုင်သည်။
ကဲ ပျော်စရာမကောင်းဘူးလား။

သူကတော့ ခပ်ချောချောကောင်မလေးတွေမရှိလည်း ရွက်ကြမ်းရေချိုလေးတွေကို ကြည့်၍ ပျော်သည်။
ပွေ့ဖက်စရာ ချစ်သူတစ်ယောက်မရှိလည်း ခွေးဝဲစားတစ်ကောင်ကို နမ်းရှုံ့၍ ပျော်သည်။
ခွေးကလှမ်းကိုက်လိုက်ရင်လည်း ကျားတစ်ကောင်မဟုတ်၍
ပျော်သည်။

သူကတော့ ခေတ်မကောင်းလို့ စီးပွါးပျက်
ရင်လည်း အလုပ်မလုပ်ရ၍ ပျော်သည်။
ပိုက်ဆံတွေ မရှိတော့
ရင်လည်း လမ်းဘေးကဆေးလိပ်တိုတွေ ကောက်သောက်ရ၍ ပျော်သည်။
စားစရာတွေ မရှိတော့
ရင်လည်း ဥပုဒ်သီလဆောက်တည်နေရ၍ ပျော်သည်။
ဝတ်စရာတွေ မရှိတော့
ရင်လည်း သဘာဝအတိုင်း နေနေရ၍ ပျော်သည်။
နေစရာအိမ် မရှိတော့
ရင်လည်း ဇရပ်တွေပေါ် အစုံလှည့်အိပ်ရ၍ ပျော်သည်။
လူတွေက မရှိခိုးနိုး သူခိုးတစ်ယောက်ဟု စွပ်စွဲလျှင်လည်း သူခိုးဖြစ်မနေ၍
ပျော်သည်။
လူတွေက မလှစုန်းမျိုး သူရဲတစ်ကောင်ဟု
စွပ်စွဲလျှင်လည်း သူရဲထက်လှနေသေး၍ ပျော်သည်။

သူကတော့ အမြင့်ကပြုတ်ကျခဲ့ရင်တောင် ငှက်တွေလိုပျံဖူးလို့
ပျော်သည်။
မတော်တဆ ကားတိုက်ခံရ
လျှင်လည်း ဆေးရုံမှာအေးဆေးစွာ နေရမည့်အတွက် ပျော်သည်။
ခြေတစ်ဖက်ဖြတ်ပြစ်ရလျှင်လည်း မဟော်ဂနီရောင် ချိုင်းထောက်တစ်ခု ပိုင်ဆိုင်ရမည့်အတွက်
ပျော်သည်။
လက်တစ်ဖက်မရှိတော့လျှင်လည်း ခန္ဓာကိုယ် ပေါ့သွားသည့်အတွက်
ပျော်သည်။
အသက်တွေကြီးလို့ ရောဂါတွေစုံလင်နေလည်း နိမိတ်ကြီးလေးပါးမှ တစ်ပါးထပ်ရ၍ ပျော်သည်။
ပြုစုမယ့်သူတွေ ရှိမနေလည်း သူများကို မှီခိုမနေရ၍
ပျော်သည်။

နောက်ဆုံး သူသေသွားခဲ့ရင်တောင် ထပ်မံရရှိမည့် ဘ၀တစ်ခုအတွက်
ပျော်သည်။
နောင်ဘ၀ လူပြန်မဖြစ်ခဲ့ရင်တောင် မ၀တ်ဖူးသေးသည့် ကိုယ်ကျပ်ဝတ်စုံ အ
ရေပြားအသစ်တစ်ခုအတွက် ပျော်သည်။
နောင်ဘ၀ ငရဲကိုရောက်ခဲ့ရင်တောင် မခံစားဘူးသေးသည့် အတွေ့အကြုံသစ်များအတွက် ပျော်သည်။

ယုတ်စွအဆုံး ဘာမှပြန်မဖြစ်ပဲ ထာဝရပျောက်ဆုံးသွားခဲ့ရင်တောင် ပျော်ရွှင်စွာနေခဲ့ရခြင်းများအတွက် ပျော်သည်။


<မင်းတစေ>

14 comments:

စိုးထက် - Soe Htet ! said...

ဟုတ်တယ်ဗျ .. ပျော်ရွှင် ခဲ့တာတွေ အတွက် ပျော်ပါတယ် ... :D

မွန် said...

ဘာမဆို အကောင်းမြင်ပြီး ပျော်နေတာ ပေါ်လီယာနာ ဝတ္ထုကို သတိရတယ်

မြရွက်ဝေ said...

မပျော်နိုင်တဲ့အချိန်မှာ ဒီစာဖတ်ပြီး ပျော်သွားတယ်။

ဆောင်းယွန်းလ said...

I happy because I have read your thought.

seinmama said...

Your novel is nice.
I like this.

Chaos said...

အတွေးကောင်းလေးပါ
အပျော်ဆိုတာ ရှာတဲ့လူပေါ်မှာပဲတည်တယ်နော်
ကျွန်မကတော့
ဘလော့မှာ
ကဗျာရေးရင်း
အပျော်ရှာနေတယ်ရှင်

MELODYMAUNG said...

ဘာပဲဖြစ်ဖြစ်စိတ်မညစ်ပဲ ဖြစ်သမျှအကြောင်းအကောင်းတွေးလို့ ရွှံ့နွံကို မကြည့် ကောင်းကင်ကြည့်တဲ့ သူလို ခွက်ထဲက ရေမပြည့်တာကို ရေဒီလောက်တောင် ရှိတာလို့ မြင်တာမျိုး positive thinking တွေနဲ့ ဘ၀ကိုပျော်ပျော်နေနေနိုင်ဖို့ အချိန်ဘယ်လောက်လောက် လေ့ကြည့်ယူရမလဲဗျို (ကောင်းပါတယ် ပို့စ်ကောင်းလေးပါပဲ) Cheers! Keep it up your mordern thinking, bro: AMO

Kaung Kin Ko said...

ကောင်းတယ်ဗျာ။ ပေါ့ပေါ့လေးနဲ့ လေးနက်တယ်။ ဘဝမှာ အဲလို ဒဿန နဲ့ နေနိုင်ရင်ကောင်းမယ်နော်။်ပေါ်လီယာနာ ဝါဒလို့ စွပ်စွဲချင်စွပ်စွဲကြပါစေ။ နိဂုံးမှာ သေရင် ဘာဖြစ်မလဲ ဘယ်သူမှ ကိုယ်ပိုင်ဥာဏ်နဲ့ မသိနိုင်တဲ့ အရာက ဆီးကြိုနေတယ်။ မသိတာကို မသိဘူးလို့ ရိုးရိုးသားသားလက်ခံပြီး ပစ္စုပ္ပန်လူ့ ဘဝမှာ သူများကို ဒုက္ခမပေးပဲ အေးအေးဆေးဆေးနေသွားနိုင်ရင် အရမ်းကောင်းမှာဗျာ။

hnin said...

အရမ်းသဘောကျတယ်။ ဒီစာလေးဖတ်ရတာနဲ့တင်ကို တော်တော် ဖြေဖျောက်နိုင်နေပြီ (မကျေနပ်မှုတွေ) ။

Unknown said...

really great optimistic... :)

စိုးထက် - Soe Htet ! said...

ပျော်စရာကောင်းအောင် စီဘောက် ထားပါဗျို့ ..

Angel said...

Such a lovely place
Such a lovely place
Such a lovely place

c-box is at the bottom 0f the page bro SH.

Helena said...

မပျော်နိုင်တဲ့ အချိန်မှာ လာဖတ်သွားပါတယ်။ နည်းနည်းတော့ ပျော်သွား သလိုပဲ

Unknown said...

that's is absolutely brilliant..How could you have such a great idea..You are really fanatstic..Have you ever thought of becoming a writer?????? I do respect you and I m a bit jelous of you too..hahahaha