Saturday, January 3, 2009

Corpse Bride အားနှစ်သိမ့်ခြင်း


ချစ်သူရေ…………………
ဒေသနာတရားတော်တွေ
သံမှိုနှက်ထားတဲ့
ဟန်ဆောင်မျက်ရည်က တစ်ဖက်
ငရဲရဲ့ကောင်းကင်လို ပူလောင်စူးရှနေတဲ့
မနာလိုစွပ်စွဲမှုတွေက တစ်ဖက်နဲ့
အသုဘရှုသူတွေရဲ့ အတင်းအဖျင်းတေးဂီတကို
မင်းဘယ်လိုမှ နားဝင်ချိုလိမ့်မယ်မထင်ဘူး။

အဲဒီတော့…………………

ကိုယ်မှေးစက်စောင့်မျှော်နေတဲ့
နန်းတော်ဖြူအောက်ကို အမြန်သာခိုဝင်
ငြိမ်သက်နေတဲ့ နုလုံးခုံသံနဲ့ တိတ်တိတ်လေးအိပ်
လွင့်ကြွေခဲ့ပြီးပေမယ့် ရနံ့မပျယ်သေးတဲ့ ပန်းတပွင့်လို
လိပ်ပြာကို လွမ်းနေပြစ်လိုက်စမ်းကွယ်။

ချစ်သူရေ……………......
ကဲ့ရဲ့မှုတွေဆိုတာ မိစ္ဆာကောင် ငါးရှည့်တွေလိုပါပဲ
မင်းဘက်ကယဉ်ကျေးမှုတွေ ဘယ်လောက်ပဲ လုံခြုံစေဦးတော့
အသွေးအသားနံ့တွေကျွံထွက်နေတဲ့ ၀င်ပေါက်ကို မရရအောင်ရှာပြီး
အရိုးတေလေသာကျန်တဲ့အထိ သူတို့ မင်းကိုဝိုင်းတွတ်ကြမှာလေ.......

ဒါပေမယ့် အဲဒါကိုက သချိုင်းရဲ့ဥပဒေသဆိုတော့
အသွေးအသားတွေကုန်တဲ့အထိ စောဒကမတက်ပဲ
ငြိမ်ငြိမ်လေးထိုင်စောင့် နေရုံကလွဲလို့
ကိုယ်တို့က ဘာများတတ်နိုင်မှာလည်း............

ဘာဖြစ်လည်း…………….
တို့တွေကသေဆုံးပြီးသားဆိုတော့
အဲဒါကိုတွေးပြီး ၀မ်းနည်းနေမယ့်အစား

အုတ်ဂူတွေမှီပြီး ဟားတိုက်လိုက်ကြစို့ကွာ။

ချစ်သူရေ...........

မင်းရင်မှာယုံထားဖို့က
အသွေးအသားမရှိတဲ့

အရိုးတွေထတွန်ပြီဆိုရင်
လှေနံဓါးထစ် အချစ်သင်္ကေတတွေထက်
ပိုပြီးကျယ်လောင်နေတတ်တယ်ဆိုတာ။

တကယ်ဆို အလောင်းကောင်တွေရဲ့ လက်ထပ်ပွဲကို

ဘယ်အသက်ရှုသံတွေကမှ ၀င်မစွက်သင့်ခဲ့တာပေါ့။

<မင်းတစေ>

23 comments:

စိုးထက် - Soe Htet ! said...

အရမ်း မိုက်တယ် ခိုက်တယ်ဗျာ ... တွေးမထားမိတဲ့ အသွေးအသား မပါတဲ့ အချစ် တစ်မျိုး ... အကုန် ဖတ်သွားတယ် ဗျို့ ...

Chaos said...

ကဗျာလေးလာဖတ်သွားတယ်
အစ်ကို
ကဗျာကောင်းတယ်
အစ်ကို့ရဲ့တွေးအခေါ်နဲ့ အရေးအသား
စတိုင်တွေကို
အမြဲလေးစားနေတဲ့ ခေးရောစ့်

Kaung Kin Ko said...

သူလုပ်မှပဲ ကောင်မလေးလဲ အလောင်းကောင်ကြီးဖြစ်ကရော။ အဟတ်အဟတ်

Anonymous said...

ချစ်သူရေ……………......

သေပြီဆရာ

Helena said...

ဘာဖြစ်လည်း…………….
တို့တွေကသေဆုံးပြီးသားဆိုတော့
အဲဒါကိုတွေးပြီး ၀မ်းနည်းနေမယ့်အစား
အုတ်ဂူတွေမှီပြီး ဟားတိုက်လိုက်ကြစို့ကွာ။

Black Dream said...

ကဗျာမရေးတတ်ဖူး မရေးတတ်ဖူးနဲ့ ရေးမဲ့ရေးတော့လည်း.....ဘုရား..ဘုရား...။ လေးစားတယ်ဗျာ :)

Angel said...

လှေနံဓါးထစ် အချစ်သင်္ကေတတွေတဲ့
ကြိုက်သွားပြီ။
ပညက်ချက်တွေအောက်ကမလူးလွန့် သာတဲ့ဘောင်ခပ်ကျင်းကျင်းအမြင်တွေရယ်
Materialistic ဆိုတဲ့ရုပ်ဝတ္ထုတွေအပေါ်အလွန်အမင်းတန်ဖိုးသတ်မှတ်တွယ်တာခြင်း
တွေရယ်ကင်းကြတဲ့တနေ့ တော့…လှေနံဓါးထစ်မဟုတ်တဲ့အချစ်စစ်စစ်တွေနေရာ
ရလာမှာပါ…ဟုတ်တယ်..အဲလိုယုံကြည်နေတယ်။

ဆောင်းယွန်းလ said...

တကယ်ဆို အလောင်းကောင်တွေရဲ့ လက်ထပ်ပွဲကို
ဘယ်အသက်ရှုသံတွေကမှ ၀င်မစွက်သင့်ခဲ့တာပေါ့။
အတွေးအခေါ်တွေကောင်းမှကောင်း
ညီလေးကဗျာကအမိုက်စားကြီး..ကြိုက်တယ်ကွ

Nyein Chan Aung said...

ချစ်သူရေ...........
မင်းရင်မှာယုံထားဖို့က
အသွေးအသားမရှိတဲ့
အရိုးတွေထတွန်ပြီဆိုရင်
လှေနံဓါးထစ် အချစ်သင်္ကေတတွေထက်
ပိုပြီးကျယ်လောင်နေတတ်တယ်ဆိုတာ။

တကယ်ဆို အလောင်းကောင်တွေရဲ့ လက်ထပ်ပွဲကို
ဘယ်အသက်ရှုသံတွေကမှ ၀င်မစွက်သင့်ခဲ့တာပေါ့။

မင်းတစေရေ..
ဖတ်အပြီးမှာ ဘာပြောရမှန်းတောင်မသိတော့ဘူး...။
အတွေးက ရဲတင်းလွန်းတယ်။ အနှောက်အယှက်ကင်းတဲ့ ချစ်ခြင်းနဲ့ ကြုံရပါစေ။

Anonymous said...

မရောက်တာတောင်ကြာပြီ။ စီဘောက်မထားတော့ လာလည်ပေမယ့် မအော်ဖြစ်ဘူးဗျာ။

သင်ကာ
www.mmthinker.iblogger.org

pandora said...

တကယ်ဆို အလောင်းကောင်တွေရဲ့ လက်ထပ်ပွဲကို
ဘယ်အသက်ရှုသံတွေကမှ ၀င်မစွက်သင့်ခဲ့တာပေါ့။

အပြင်းစားတွေ.. မိုက်တယ်

ဆိုးသွမ်း said...

ကောင်းတယ်...ကိုမင်းတစေ
စာကလုံးသုံးတာလေးတွေ...လေးစားအံသြ
ရပါတယ်။

ဆိုးသွမ်း

Danialog said...

ကဗျာစာသားလေးတွေအရမ်းခိုက်တယ်

အိုင်လွယ်ပန် said...

ကဗျာခံစားသွားပါတယ်ဗျာ ......

♥ Acacia ♥ said...

လျှောက်လည်ရင်းရောက်လာပါတယ် တော်တော်ကောင်းတဲ့ ဘလော့ပဲဗျို့... လာတာနောက်ကျသွားတယ်... ခုမှရောက်ဖူးပါတယ်..

Black Dream said...

ဘယ်လိုသဘောနဲ့များ ပြန်တင်လိုက်ပါလိ့မ်...။

RePublic said...

မင်းတစေ ကြီး .. မတွေ့တာအတော်ကြာဗျာ ၊၊ ကျနော် လည်း ဘလော့ဂ်ထဲ မ၀င်တာ ကြာပီ၊၊ သတိရနေတာ ၊၊ နေကောင်းကျန်းမာ ပါစေဗျာ ၊၊

ကလူသစ် said...

ပျောက်သွားလိုက်တာ ဘယ်လိုဖြစ်လဲဗျ

sandar said...

အင်း အလောင်ကောင်းလက်ထပ်ပွဲ ဘယ်မှာကျင့်ပခဲ့လို ၀င်စွပ်ကြပါလိမ့် ..ဒါပေါ့ မစွပ်သင့်ဘူး .. အသက်ရှင်နေထိုင်မှု = လူသား

ShwunMi- said...

ဈာပနပွဲရဲ့ ဂီတ၊ သင်္ချိုင်းရဲ့ ဥပဒေသနဲ့ အလောင်းကောင်တွေရဲ့ ထအသက်ရှူသံကို ခဏခဏပြန်လာကြည့်မိပါတယ်..

ကိုရင်နော်ခင်လေးငယ် said...

ကိုမင်းတစေ...

စာအသစ်တွေ သိပ်ကိုမျှော်လင့်နေမိပါတယ်
ဖတ်ပါရစေ...
အားရင် ရေးပေးဖို့ တောင်းဆိုပါတယ်

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

emayarKhin said...

ရေးချက်ကတော့..လန်းပါ့နော်...

မိုးဇက် said...

အားးးးးးးးးးးးးး ။ မင်္ဂလာပါ ကိုမင်းတစေ ၊ ကိုမင်းတစေ ကိုရှာလိုက်ရတာဗျာ ၊ ပြန်မလာတော့ဘူးကိုထင်ထားတာဗျ ၊ ဆိုက်ဘာပေါ်မှာ အစ်ကို့ဆိုက် ပျောက်သွားတော့ ပြန်မလာတော့ဘူးလို့ကိုထင်ထားတာ ၊ ခုပြန်ပေါ်လာတော့ ဝမ်းသာတယ်အစ်ကို ၊ အစ်ကို့ စာသားလေးတွေ အရမ်းခိုက်လွန်းလို့ ကျွန်တော့ ဘလော့မှာ ယူသုံးထားတာလေးတွေရှိတယ် ၊ ခွင့်လွတ်ဗျို့ ၊ ကြုံရင်လဲလာလယ်ပါအုံး