Friday, July 25, 2008

အလှဗေဒ၏ မိစ္ဆာ



အဖုအထစ် ဝေဆာနေလွန်းလို့
မူးယစ်ဝေဒနာကို ဖြစ်ပေါ်စေတတ်တဲ့
ဗီးနပ်စ်အိန်ဂျယ်လ် အလှဘုရင်မကိုတောင်
မီးယပ်ပိန်နာသည်မ အသွင်ခစေခဲ့သူ။

မယ်မဒ္ဒီပျိုကညာလို အဖူးအရွတွေနဲ့
ဆယ်ပန်းချီယိုဖြာ မြူးကြွနေတဲ့
ကယ်လီယိုပက်ထရာ အနုအလှကိုတောင်
အရွယ်လှီအိုစာ ဘီလူးမဖြစ်စေခဲ့သူ။

ကျူးပစ်ငတိ အပျင်းကွေးလွန်းလို့
ယ္ခုအထိ သတင်းမွှေးစွန်းနေတဲ့
ဂျူးလီးယက် မင်းသမီးလေးကိုတောင်
ရူးပြီးသတ်သေခဲ့သူလို့ အတင်းကြီး ထင်မှတ်မှားစေခဲ့သူ။

နုတ်ခမ်းအကွေးအဆတွေရဲ့ ရသကြောင့်
စုတ်နမ်းပြေးကြသူတွေ များလွန်းတဲ့
မိုနာလီဆာရဲ့ အပြုံးရမ္မက် ကုဋေကဋ္ဌာတွေကိုတောင်
ကမ္ဘာမြေလွှာရဲ့ အဆုံးဖက်တနေရာမှာ ပုန်းဝှက်နေထိုင်စေခဲ့သူ။

အဲ့ဒီလို……………...................
ရူပါမာန်တက်နေတဲ့ ငနဲမတိုင်းကို
အမူအယာဟန် မလုပ်ရဲတော့လောက်အောင်
မတူမတန်သလို ခုတ်လှဲချခဲ့တဲ့ မင်းကတော့
တကယ့်ကို လူမဆန်စွာ လွန်ကဲပြီး လှနေသူလေးတစ်ဦးပါပဲ။

အဲ့ဒါတွေကြောင့်လည်း……..
ဒီမှာ….............အချစ်ဆိုတဲ့
စောက်သုံးမကျတဲ့ ဝေဒနာကိုကြောက်လို့
နှလုံးသားနေရာကိုဖောက်ထုတ်ပြီး
ကျောက်တုံးအစား သေချာကောက်ထည့်ထားတဲ့
ငါလိုကောင်တစ်ကောင်ရဲ့ ခပ်မာမာရင်ဘတ်တစ်ခုကိုတောင်


မင်းက......................................
သီရိမာလို ပီတိဖြာတဲ့ အကြည့်အငွေ့နဲ့
ပဉ္စပါပီလို ဘ၀င်ကျစရာ အထိအတွေ့ တွေတောင် မသုံးပဲ
အသာကလေး ညွှတ်ပြောင်း ကွဲအက် အရည်ပျော်ကျစေနိုင်ခဲ့တယ်။

ဘာလို့လည်းဆိုတော့…………….............
ဥမ္မာဒန္နီလို ပဒုမ္မာဟန်သီတဲ့ ခြေလှမ်းတွေနဲ့
ဆုန်ခါဆန်ချီ လှမ်းလျှောက်လာနေတဲ့ မင်းလေးကို
ဟိုးအဝေးက လှမ်းမြင်လိုက်ရရုံလေးနဲ့ပဲ
တစ်သက်စာ အေးစက်မဲမှောင်နေခဲ့တဲ့
ငါ့ရဲ့ခုနှစ်ဆောင်ပြိုင် နှလုံးသားတိုက်ခန်းလေး
ပပ၀တီ ကောင်ရေ တသန်းအား ရုတ်တရက်ဝင်ဆောင့်လိုက်သလို
ချက်ခြင်း မီးဟုန်းဟုန်းထတောက်ခဲ့ရလို့ပဲပေါ့။


<မင်းတစေ>

27 comments:

Anonymous said...

ကောင်းတယ်ဗျာ။ တင်စားချက်က တကယ့်ရှယ်ပဲ :)

Dream said...

လက်ရာမြောက်လွန်းတဲ့ကဗျာလေးကိုလာရောက်ဖတ်ရှု
ပါတယ်။။
ဥမ္မာဒန္နီလို ပဒုမ္မာဟန်သီတဲ့ ခြေလှမ်းတွေနဲ့ လာရောက်လည်ပတ်ပြီး
သီရိမာလို ပီတိဖြာတဲ့ အကြည့်အငွေ့နဲ့ ဖတ်ရှုလို့
မိုနာလီဆာရဲ့ အပြုံးရမ္မက်လေးတွေနဲ့ပြုံးပြီး
ဂျူးလီးယက် မင်းသမီးလေးDreamကပြန်သွားပါတယ်..
:P

RePublic said...

ချစ်ညီ တယ်ရင်း... များပီနော် ၊များပီ ၊၊

ကိုမင်းတစေ ရဲ့စကားလုံးအသုံးအဖွဲ့တွေက လိုက်လို့မမှီအောင် လက်ရာမြောက်လှပါတယ် ၊၊

Chaos said...

အားပါးးးးးးးး
နာတို့အစ်ကိုက ရှယ်ကိုတင်စားထားပါလား
မိုက်တယ်ဗျို့

Anonymous said...

i thought that i lost u in the previous post. for this post ,u r really u.

Soe Mya Nandar Thet Lwin (Borros Roxo) said...

Gosh.., Using such a words is amazing.

What a great thoughts!! Simply brilliant..

:))
SMNTL

Eduking said...

ကာရံတွေ သင်ယူသွားတယ်.. ဘရားသား...း)

ရွှန်းမီ said...

:-)
ပပ၀တီ ကောင်ရေ တစ်သန်း . . .
အားပြင်းတယ်။

pandora said...

အပြင်းစားတွေ

Anonymous said...

အရမ်းမိုက်တဲ့ ကဗျာလေးပဲ။ ကောင်းတယ် အစ်ကိုရေ။

little moon said...

အားပါး .... လန်ထွက်နေရောပါလား ...

Kaung Kin Ko said...

ငါ့ရဲ့ခုနှစ်ဆောင်ပြိုင် နှလုံးသားတိုက်ခန်းလေး
ပပ၀တီ ကောင်ရေ တသန်းအား ရုတ်တရက်ဝင်ဆောင့်လိုက်သလို
ချက်ခြင်း မီးဟုန်းဟုန်းထတောက်ခဲ့ရလို့ပဲပေါ့။

ကဗျာမိုက်တယ်ဗျာ။

Ko Boyz said...

စောင့်ဖတ်ရကျိုးနပ်ပါတယ်ဗျာ...။
မြင်းထိန်းငတာ လို့တော့ အပြောခံထိဦးမှာပဲ... နာတော့...။ :P

Nyein Chan Aung said...

ဆော်လှချေလား မင်းတစေ..။

ကိုရင်နော်ခင်လေးငယ် said...

ကဗျာလာဖတ်ရကျိုးနပ်လို့
ကျေးဇူးပါနော်...
အရမ်းကောင်းတယ်။

Unknown said...

မပြောချင်ဘူးနော် မပြောချင်ဘူး.. ဂယ်ပဲ.. မဟားဒယားကို တင်စားတယ်

Unknown said...

စိတ်ကောက်သွားလို့ ပြန်ချော့ထားတဲ့ ကဗျာလား? :P ရိုက်ချက်တွေကတော့ ပြင်းတယ်ဗျာ...။

sandar said...

my heart is sinking deeply under the ocean of your words , my bother

Anonymous said...

တစ်ပုဒ်ဆို ဆိုသလောက် ကောင်းတယ်ဗျာ။

သင်ကာ

Anonymous said...

ဟ.. အပြင်းစားကြီးပါလား.. ကြိုက်တယ်ဗျာ...

Anonymous said...

ရာဇ၀င်ထဲက ဇာတ်ကောင်တွေ နဲ့ အခုခေတ်ကဗျာ....တည့်တည့်ကြီး ၀င်ဆောင့်သွားတယ်..း) Good!!!!

ပန်းခရေ said...

အိုး ....
လန်ထွက်လျှံကျ
ပျံတက်နေအောင် မိုက်လွန်း တဲ့
ကဗျာတစ်ပုဒ်ကို
ပက်ပက်စက်စက်
ရက်ရက်စက်စက်
မိုက်မိုက်ကန်းကန်းနဲ့ကို
ေ...ာက်ရမ်းကြိုက်တယ်...:P
ps.
ေ...ာက် သကိုသုံးထားခြင်းဖြစ်သည် အားပြင်းစေလို၍ ရေးသားခြင်းမျှသာ..။ နားလည်ပေးစေချင်သည်.။

လင်းထက် said...

ကဗျာရဲ့ တင်စား နှိုင်းယှဉ် ချက်တွေ ကတော့ ဘယ်လိုများ စဉ်းစားပြီး ရေးထားလဲ လို့တွေးသွားစေတယ်....။

Anonymous said...

စာတွေလာလာဖတ်ဖြစ်ပါတယ်..။ ရေးထားတာတွေကို..တော်တော်လေးကြိုက်လို့ link ပေးထားကြောင်းသတင်းလာပို့တာပါ..။အလည်.လည်းလာခဲ့ပါဦးလို့.. အိန္ဒြာ http://eaindrar.blogspot.com/

ဆောင်းယွန်းလ said...

ညီလေးရေ.ပျောက်လိုက်တာပေါ်ကိုမလာတော့ပါလား
အဆင်ပြေရဲ့လား..ညီလေးရဲ့စာတွေကဗျာတွေပြန်ဖတ်
ချင်နေပြီ...

မြရေလျဉ် said...

ကောင်း လွန်းလှချည်လားနော်

Mrs. Bagel said...

ကျောက်တုံးကို အရည်ဖျော်နည်း သိချင်လိုက်တာ။ :P